လှည်းကူး ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာ မူလတန်းလွန်ကျောင်း(သီတာအေး)ရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော် ဦးဆောင်၍ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့်အဖွဲ့သည် အခြေခံပညာမူလတန်းလွန်ကျောင်း(သီတာအေး)မှ ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး ဟောပြောခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၁၇၂)ဦးအား သွားကျန်းမာရေး စစ်ဆေးပေးပြီး သွားနှုတ်ပေးရန် လိုအပ်သော ကျောင်းသား၊ကျောင်းသူ(၃၈)ဦးအား သွားနှုတ်ပေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(လှည်းကူး)