ချောက်မြို့၌ (၇၈)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်

ချောက် ဇူလိုင် ၁၉

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်းတို့တွင် ကျင်းပခဲ့သည်။

အဆိုပါ (၇၈)နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်​​နေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်း‌ပြောကြားပြီး အ.မ.က(၁) ပုဂံကျောင်းမှ   မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား က​လေးစာဖတ်ခန်းတွင်  ဉာဏ်စမ်း အမေး/အဖြေနှင့် ပုံပြင်ပြောပြိုင်ပွဲအားလည်းကောင်း၊ (Community Centre)ခန်းမတွင် ဗိုလ်ချုပ်‌အောင်ဆန်းပုံတူ အရုပ်ဆက်ပြိုင်ပွဲအားလည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်‌အောင်ဆန်းပုံတူ အရုပ်ဆက်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦး၊ ပုံ‌ပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်း အမေး/အဖြေပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၃၂)ဦး အသီးသီး ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)