ငပုတောမြို့နယ်၌ ရေဘေးအန္တရာယ် အသိပညာပေး ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့ပါက မှန်ကန်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်စေရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကျေးရွာများသို့ ဆက်သွယ်သွားလာနေကြသည့် စျေးရပ်ကွက် သင်္ဘောဆိပ်နှင့် ကူးတို့ဆိပ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။