သရက်မြို့၌ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအရ ဝါသီးနှံမျိုးစေ့နှင့်ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ နေကြာသီနှံမျိုးစေ့များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သရက် ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအရ ဝါသီးနှံမျိုးစေ့နှင့် ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ နေကြာသီနှံမျိုးစေ့များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခြင်း အခမ်အနားကို ယမန်နေ့ နံနက်(၁၁)နာရီက စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာမှာ သရက်မြို့နယ်၏ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအရ ဝါသီနှံမျိုးစေ့နှင့် ဆီထွက်သီနှံ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအရ နေကြာသီနှံမျိုးစေ့များ ပေးအပ်သည့် အခမ်းအနားဖြစ်ပြီး သရက်မြို့နယ်မှာ ၂၀၂၅-၂၀၂၆ ခုနှစ် စီမံကိန်းလျာထားချက်အရ ချည်မျှင်ရှည်ဝါ (၁၁၃၈၀)ဧက၊ စိုက်ပျိုးရမှာဖြစ်သည့်အတွက် ယခင်နှစ်ထက် (၅၂၆၆) ဧက ပိုမိုတိုးချဲ့ စိုက်ပျိုးရမှာဖြစ်ပြီး အလားတူ နေကြာသီနှံ မိုး(၅၃)ဧက၊ ဆောင်း(၈၂၂)ဧက စုစုပေါင်း (၈၇၅)ဧက စိုက်ပျိုးရမှာ ဖြစ်တယ်လို့ ပြောကြားပေးခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်က မျိုးစေ့ထောက်ပံ့ ပေးရခြင်း ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး တောင်သူများအား ဝါသီးနှံနှင့် နေကြာသီးနှံ မျိုးစေ့များ ဝါသီးနှံမျိုးစေ့ (၈၆၄) ပိဿာနှင့် (၂၉၅) KG စုစုပေါင်း (၇၂၇) ဧကအတွက်၊ နေကြာသီးနှံ မျိုးစေ့ (၇၅) ကီလိုနှင့် (၉.၅) တင်း စုစုပေါင်း (၆၃) ဧကစာအာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ တောင်သူ (၆၀)ဦးက လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)