တောင်ဥက္ကလာပမြို့နယ်၌ အမျိုးသမီးများအား တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်း ခိုးယူမှုများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့မှစီစဉ်ကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသမီးများအားတရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့ ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲကျင်းပ

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ယနေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့‌ နေ့လယ်ပိုင်းက မင်းဘူးမြို့ ခ.လ.ရ (၈၈) အခြေပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပသည်။

မိုးညိုမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများ ပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းနှင့် နယ်မြေစခန်းသုံးခုတို့မှ နံနက် (၁၀)နာရီ (၃၇) မိနစ်အချိန်က ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများ တစ်ပြိုင်တည်းပြုလုပ်ခဲ့‌ ကြောင်းသည်။

သုံးခွမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့  နံနက် ၁၀ နာရီ အချိန်က မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ကုန်အထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ပထမသုံးလပတ်ကုန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် (၇၈) နှစ်မြောက်အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသွားမည့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများပေးအပ်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူအစုအဖွဲ့များထံသို့ သွင်းအားစုပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အုတ်တွင်းမြို့နယ်၊တောင်ငူပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ငန်းတေးဂေါက်ကွင်း စိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့် မိုးစပါး(Fs-Rs) မျိုးစေ့ထုတ်စိုက်ခင်းများနှင့် သုတေသနစိုက်ခင်းများ ကွင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျ လာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to