လယ်ဝေးမြို့နယ် ပျံချီ စက်မှုစိုက်ပျိုးမွေးမြုရေး အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပျံချီ‌ကျေးရွာ၊ စက်စိုက်မွေး အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းအခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်(၁)နာရီ အချိန်တွင် မှော်ဘီတပ်ကြီးကုန်း အ.ထ.ကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၅ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသင်းပေါင်းစုံ (အမျိုးသား) အသက် (၂၅) နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ ညနေ (၃) နာရီက ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ အားကစားခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့်‌ ဖူဆယ်ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ကော့သောင်းမြို့ (‌၃)မိုင်အဝေးပြေးယာဉ်ရပ်နားစခန်းသို့သွားရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်သည် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ (‌၃)မိုင်အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ရှိ စက်မှုဇုန်များတွင် သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ရက်နေ့ နံနက် ၉ နာရီက စက်မှုဇုန်များတွင် ပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေး၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်စေ‌ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အဆောက်အဦတွင် အသုံးပြုတပ်ဆင်မည့် မျက်နှာကျက်ဒီဇိုင်းများ၊ အရောင်များ ရွေးချယ်ထားရှိမှုများကို တင်ပြရာ လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ပစ္စည်းများအား စနစ်တကျထားရှိအသုံးပြုရေးတို့ကို မှာကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဘုရားပြိုကျေးရွာ မိုးနှမ်းနှင့် မိုးမြေပဲ အထူးအထွက်တိုး စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ ဒေသခံ နှမ်း/မြေပဲစိုက်တောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ဘုရားပြိူကျေးရွာအုပ်စု ဘုရားပြိုကျေးရွာ ကွင်းအမှတ် (၁၆၇၂-ဃ) တောင်သူ ဦးမင်းစိန်၏ မိုးနှမ်းနှင့် မိုးမြေပဲ အထူးအထွက်တိုး စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ ဒေသခံ နှမ်း/မြေပဲစိုက် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လွိုင်ကော်မြို့တော် သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကြည့်မြင်တိုင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ ကြည့်မြင်တိုင် ဇူလိုင် ၁၉ ခိုင်ဇာလင်း (ပြန်/ဆက်)
Subscribe to