မြောက်ဥက္ကလာပ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် (၇၈) နှစ်မြောက်အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာရုံးများ၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်း၊ မြောက်ဥက္ကလာပနယ်မြေမီးသတ်စခန်း၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းနှင့်ရွှေပေါက်ကံ နယ်မြေမီးသတ်စခန်းများ၊ ဌာနဆိုင်ရာရုံးများတွင်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့်အလေးပြုခြင်း၊ ဥဩဆွဲခြင်း၊ ယင်းအချိန်တွင်သွားလာနေသည့် မော်တော်ယာဉ်များခေတ္တရပ်ပြီး ဟွန်းတီးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)