အုတ်တွင်းမြို့နယ်၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

အုတ်တွင်း ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အုတ်တွင်းမြို့နယ်၊တောင်ငူပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါအ ကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မဟာဓာတ်အားလိုင်းမှူးရုံးမှ အာမခံအလုပ်သမား ဦးစောချစ်ဆွေ၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့်ပြုငွေ ကျပ်တစ်ရာ့ရှစ်သိန်းတိတိအား ဇနီးဖြစ်သူ ဒေါ်မာချယ်ရီထံသို့ ပေးအပ်ခဲ့သည်။

ထို့နောက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိသော အာမခံအလုပ်သမား ကိုယ်စား တောင်ငူမဟာဓာတ်အားလိုင်းမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (စက်/လျှပ်) ဦးအေးကျော်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)