သုံးခွ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ သုံးခွမြို့နယ် သမဝါယမအသင်းစု ဥက္ကဌ ဦးဇော်ဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ဝန်ကြီးဌာန၊ ဦးစီးဌာနတို့မှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ရှေ့လုပ်ငန်းစဥ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လုပ်ကိုင်သော အခြေခံအသင်းများအား ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုများ အမှန်တကယ် သုံးစွဲခြင်းရှိမရှိနှင့် မြေပြင်အား စဥ်ဆက်မပြတ် သေချာစွာ ကြီးကြပ်ဆောင်ရွက်၍ ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာကို သမဝါယမအသင်းစုမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မာမာစီက ဖတ်ကြားတင်ပြခြင်းနှင့် အသင်းစာရင်းစစ် အစီရင်ခံစာများအား အသင်းစာရင်းစစ် ဦးစိန်ညွန့်က အသီးသီး ဖတ်ကြားတင်ပြခဲ့ကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့ အစီအရင်ခံစာ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းဝင်ကိုယ်စားလှယ်များက သဘောတူကြသဖြင့် သဘာပတိက အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အခြေခံသမဝါယမအသင်းများသို့ အစုပေါ်အမြတ်နှင့် စက်ကိရိယာ အမြတ်ငွေကျပ် (၂၇၈၇၇၉၄) သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)