ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသွားမည့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများပေးအပ်

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၉ ရက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူအစုအဖွဲ့များထံသို့ သွင်းအားစုပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။

သွင်းအားစုပစ္စည်းများပေးအပ်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဒေါ်မြင့်မြင့်မော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးနိုင်နိုင်ဦးနှင့် အောင်နိုင်သစ္စာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးတို့က အမှာစကားများပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ဧက(၁၅၀၀)ဧကစိုက်ပျိုးသွားကြမည့် ဆတ်ကလေးကျေးရွာအုပ်စု၊ အလိန်လည်ကျေးရွာအုပ်စု၊ ချောင်းညီအကိုကျေးရွာအုပ်စုနှင့်နဲဗျောကျေးရွာအုပ်စုမှ တောင်သူများထံသို့ တစ်ဧက (၂)သိန်းနှုန်းဖြင့်ညီမျှသည့် သွင်းအားစုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)