အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ (ပင်စင်) လစာငွေများ ပုံမှန်ထုတ်ပေးလျှက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် မြန်မာ့စီးပွား‌ရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မအူပင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းအမှတ်စဉ် ၃/၂ဝ၂၅ ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းအား ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးအရောင်များ သတ်မှတ်ခြင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ နေအိမ်များနှင့် လုပ်ငန်းများကထွက်ရှိသည့် အမှိုက်များအား အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးအရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက ဗိုလ်ချုပ်အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ငါးဘတ်ချောင်း ကျေးရွာအုပ်စုရှိ သီရိမင်္ဂလာမဟာစည်ရိပ်သာ ဆရာတော်အား သင်္ကန်း၊ နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခြင်း၊ ဆင်းသုခမျိုးသန့်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် သာပေါင်းမြို့နယ်၊ငါးဘတ်ချောင်း ကျေးရွာအုပ်စုတွင် ယနေ့ဇူလိုင်လ ၂၀ ရက်နေ့၊နံနက် ၁၀ နာရီခွဲအချိန်က သီရိမင်္ဂလာ မဟာစည်ရိပ်သာ ဆရာတော်အားသင်္ကန်း၊ နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းပြီး၊မရမ်းကုန်းကျေးရွာ၌ ဆင်းသုခမျိုးသန့် (၅) ဧက စိုက်ပျိုးနေမှု၊လယ်တီကြီးကျေးရွာ၌ နယူးဧရာ-၁၁ (၃) ဧက၊ ရိုးဝကျေးရွာ၌ နယူးဧရာ-၁၁ (၂) ဧက စိုက်မျိုးနေမှုတို့အား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးရှေ့တန်းစခန်းတွင် တောင်သူများနှင့်တွေ့ဆုံခဲ့ကြသည်။

ကွန်ဟိန်းမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှကြီးမှူး၍ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးရှိ မဲရုံဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် ရွေးကောက်ပွဲ၌ မဲပေးခြင်းလုပ်ငန်းများ၊ မဲရေတွက်ခြင်းလုပ်ငန်းများ အောင်မြင်စွာပြီးမြောက်ချောမွေ့နိုင်စေရန်အတွက် (MEVM) မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ငဖဲမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်မှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားသောနေရာများတွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ အချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to