အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity ဆောင်ရွက်

အိမ်မဲ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦး၏လမ်းညွှန်မှုဖြင့် မြို့နယ် လ.ဝ.က ဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာတွင် အငြိမ်းစားများ၏ ပင်စင်လစာ လိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်အတွက် လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်