မအူပင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းအမှတ်စဉ် ၃/၂ဝ၂၅ ဖွင့်လှစ်သင်ကြား

မအူပင် ဇူလိုင် ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းအား ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်း၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အားပြန်လည်ထုတ်ပိုး သိမ်း ဆည်းပုံများအား လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ပြီး မအူပင်မြို့နယ် အတွင်းရှိ မဲရုံများတွင် မဲပေးစက်ကိုင်တွယ်မည့် မဲရုံအဖွဲ့ဝင်သင်တန်းသား၊ သင်တန်းသူ (၁၅၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂) ရက်တာကာလဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်