ထန်းတပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိ

ထန်းတပင် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက်ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ထန်းတပင်မြို့နယ်တွင် မြို့ပြပင်စင်(၅၃၂)ဦး၊ ကာကွယ်ရေးပင်စင်(၃၉၀)ဦးနှင့်နိုင်ငံ ရေးပင်စင် (၉၄)ဦး၊ စုစုပေါင်း (၁၀၁၆)ဦးရှိပြီး ယနေ့တွင် ပင်စင်ထုတ်ယူသူ(၃၀၀)ဦးခန့်ရှိကြောင်း ထန်းတပင်မြို့ နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)