သာစည်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက   နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လုပ်ငန်းများအဆင်ပြေလွယ်ကူစေရန်အတွက် Biographic/Biometric ကောက်ယူ ကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၃ရက်က မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ပန်းတနော်မြို့နယ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့သည် ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ကမ်းနားစုကျေးရွာ၊ မြင်းကဒေါင် ကျေးရွာတွင် ဧရာဝတီမြစ်ရေတက်မှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ကသာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က ကသာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ဘုရင့်နောင်ခန်းမ၌ ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ထားဝယ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID (Unique Identity) Smart Card ဖြင့် ပင်စင်လစာများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID(Unique Identity) Smart Card များဖြင့် ပင်စင်လစာ ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အငြိမ်းစားဝန်ထမ်း ၂၇၉ ဦးကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

ကလေးမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ သဏ္ဌာန်တူ သရုပ်ပြသခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရေဘေး၊ မီးဘေး၊ ငလျင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောအသိပညာပေးဟောပြောခြင်း သဏ္ဌာန်တူသရုပ်ပြသခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၃)အခြခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ကွင်းဆင်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၃၆) ကျောင်းမှ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၂၄၃၉) ဦးအား ဇူလိုင်လအတွင်း အခြေခံကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အာဟာရအခြေအနေ စစ်ဆေးပေးခြင်း၊ ပဏာမမျက်စိစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးကုသခြင်းနှင့် KG ကလေးငယ်များအတွက် သွားတိုက်ဆေး၊ သွားတိုက်တံထောက်ပံ့ခြင်း၊

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်ဝါသနာ” အသိပညာပေး Talk Show ပြုလုပ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်ဝါသနာ” အသိပညာပေး Talk Show ပြုလုပ် လိပ်သို ဇူလိုင် ၂၃ ခင်လေးနွယ်
Subscribe to