မြစ်သားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

မြစ်သား ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သန်းတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် အခက်အခဲများမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများကပေးအပ်ခဲ့သည်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ပြီး Biometries Data(UID)များပါ တစ်ပါတည်းရိုက်ကူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူ (၂၁၆)ဦးအား ပန်းခင်းစီမံချက် အဆင့်(၃)အနေဖြင့် ဆောင်ရွက်ပေးခဲ့ပြီး မြစ်သားမြို့နယ်ပညာရေးမှူး ဒေါ်စံပယ်ဝင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာတို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)