မိတ္ထီလာခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော် ပညာဓိတန်ဆောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့နံနက်ပိုင်းက (UID) Unique Identity ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် မိသားစုအား ပြောင်းရွှေ့စရိတ်ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့်ဆန်ရိက္ခာဖိုး သွားရောက်‌ပေးအပ်ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင် စားအုန်းဆီ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများသက်သာသော နှုန်းထားများဖြင့် စားအုန်းဆီများ ဝယ်ယူသုံးစွဲနိုင်ရေး အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်တစ်အုပ်စီ ပြုလုပ်ပေးပြီး ရပ်ကွက်/ကျေးရွာများအလိုက် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာနှင့် အင်းကုန်းကျေးရွာမှ အိမ်ထောင်စုများအား စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် (၄၄၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၁)နာရီက ပုစွန်ချောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး Community Centre ခန်းမတွင် Book Club စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး Community Centre ခန်းမတွင် Book Club စာဖတ်ဝိုင်းပြုလုပ် လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၂၃ ဦးမြင့်ဇော်(ပြန်/ဆက်)

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှ နိုင်ငံစီးပွားနွေစပါးဆောင်ရွက်သည့် ဝယ်ကြိတ်ကုမ္ပဏီ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှ နိုင်ငံစီးပွားနွေစပါးဆောင်ရွက်သည့် ဝယ်ကြိတ်ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID (Unique Identity) (ခေါ်) Smart Card များ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ဘဏ်ထုတ်ရာတွင် ပိုမိုလွယ်ကူလျင်စွာ ဆောင်ရွက်နိုင်ရန်၊ UID နံပါတ်များကို ရယူပြီး မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pensionအစီအစဉ်တွင် ထည့်သွင်းနိုင်ရန် UID (Unique Identity) (ခေါ်) Smart Card များဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Subscribe to