သာစည်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်

သာစည် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက   နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လုပ်ငန်းများအဆင်ပြေလွယ်ကူစေရန်အတွက် Biographic/Biometric ကောက်ယူ ကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၃ရက်က မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးရာတွင် သာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဦးကျော်စိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတို့အား ပင်စင်ထုတ်ယူရာတွင်လုပ်ငန်းများ အဆင်ပြေလွယ်ကူစေရန် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) စိစစ်ကောက်ယူခြင်း၊ လက်ဗွေများ Scan ဖတ်ခြင်းနှင့် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ဆောင်ရွက်ပေးခဲ့ပြီး UID(Unique Identity) နံပါတ်များ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)