ပန်းတနော် ဇူလိုင် ၂၃
ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့သည် ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ကမ်းနားစုကျေးရွာ၊ မြင်းကဒေါင် ကျေးရွာတွင် ဧရာဝတီမြစ်ရေတက်မှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အုန်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမောင်မောင်ဦး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးသိန်းဇော်ဝင်းတို့က မြစ်ရေကြီးမှုအခြေအနေနှင့် မြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျမှု အခြေအနေများ၊ ရေကင်းများစနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)