မြောင်းမြမြို့တွင် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

မြောင်းမြမြို့တွင် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် မြောင်းမြ ဇူလိုင် ၂၃ ဇေယျာ (မြောင်းမြ)

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(မန္တလေးတိုင်းဒေသကြီး) တိုင်း/ ခရိုင်/ မြို့နယ် အလုပ်အမှုဆောင်များက စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) တိုင်း/ခရိုင်/မြို့နယ် အလုပ်အမှုဆောင်များနှင့် အသင်းသား၊ အသင်းသူများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းအလှူတော်ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁လမ်း၊ ၇၇လမ်းရှိ ရွှေဘုံသာမြတ်စွာဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

သာယာဝတီမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) တို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်ငူခရိုင် ဗဟိုစာရင်းအင်းအဖွဲ့ရုံး၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကောက်ယူမည့် ပုံစံများ ဖြည့်သွင်းခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူး၍ ပဲခူးဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက စနစ်တကျစစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေး၊ ပျက်စီးဆုံးရှုံးမှုစာရင်းများ အချိန်နှင့်တစ်ပြေးညီ စုစည်း၍ စာရင်းအင်းအချက်အလက်များ အရည်အသွေးကောင်းမွန်စေရန်နှင့် အချက်အလက်ဖြည့်သွင်းမှု တပြေးညီဖြစ်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကောက်ယူမည့် ပုံစံများ ဖြည့်သွင်းခြင်း ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တောင်ငူခရိုင် ဗဟိုစာရင်းအင်းအဖွဲ့ရုံး၌ ဖွင့်လှစ်သင်ကြားပို့ချသည်။

ဘားအံမြို့၌ AML/CFT အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် AML/CFT အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပသည်။

ထန်းတပင်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့်‌ သွေးလွန်တုပ်ကွေး‌ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ထန်းတပင်) ပင်လုံခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ စာသင်ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် အခြေခံပညာ‌ကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ကြံတောအခြေခံပညာမူလတန်းကျောင်းနှင့် မြို့မနောက်အခြေခံပညာမူလတန်းကျောင်းတို့တွင် စစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) စနစ်ဖြင့် Smart Card များ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity စနစ်ဖြင့် Smart Card များ ဆောင်ရွက်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်တွင် ဇူလိုင်လ (၂၁) ရက်နေ့ ယနေ့ နံနက်ပိုင်းက စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ မြစ်သားမြို့ ဇူလိုင် ၂၃ ရဲနိုင်ဦး(မြစ်သား)
Subscribe to