ဖြူး ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ၎င်းတို့ထံမှ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ (Unique ID) နံပါတ်ထုတ်ပေးခြင်းနှင့် smart card ထုတ်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ဇူလိုင်လ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)