ထန်းတပင် ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ထန်းတပင်) ပင်လုံခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ စာသင်ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ စသည့်ပူးပေါင်းအဖွဲ့တို့သည် စာသင်ကျောင်းအတွင်းရှိ ရေစည်၊ ရေကန်များအား ခြင်ပေါက်ပွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)