ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) စနစ်ဖြင့် Smart Card များ ကွင်းဆင်းဆောင်ရွက်ပေး

ညောင်လေးပင် ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity စနစ်ဖြင့် Smart Card များ ဆောင်ရွက်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်တွင် ဇူလိုင်လ (၂၁) ရက်နေ့ ယနေ့ နံနက်ပိုင်းက စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဒေါ်ကြည်စင်သန့်နှင့် ဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ဇူလိုင်လ (၂၁) ရက်မှ (၂၅) ရက်အထိ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် Smart Card ပြုလုပ်ရန်ကျန်ရှိသူများအား ရပ်ကွက်၊ ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)