စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ     

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ပြည်သူများ ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီက ဘောဂဝတီရပ်ကွက် ရွှေကျွန်းမြေဓမ္မာရုံတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်ဆောင်ရွက် ပေးမှု ၁၃၀၀ ဦးကျော် ဆောင်ရွက်ပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၃၀၀ ဦး  Biometric (UID)ကတ်များ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသင့်ဖွဲ့စည်းထား

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ရေး အနေဖြင့် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန် ဇူလိုင် ၂၃ ရက် မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ လူအင်အား၊ စက်ပစ္စည်းများစွာဖြင့် အသင့်ပြင်ဆင် စုဖွဲ့ထားလျက်ရှိသည်။

ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအားကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ယ​မန်နေ့မွန်းလွဲပိုင်းကမြို့နယ်မီးသတ်စခန်းတွင် ဝီဖာမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုများ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကြိုတင် ပြင်ဆင်‌ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို‌ တောင်ဘက်ပိုင်းရပ်ကွက်တွင် ဇူလိုင် ၁၆ ရက်နေ့မှစ၍ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား‌ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေကြောင်း သိရသည်။

မြောင်းမြမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့ပေါ်ရပ်ကွက်များ၌ မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းဘေးဝဲ/ယာ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံးရေးသာနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to