ကျောက်ဆည်မြို့တွင် ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ပြည်သူများ ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီက ဘောဂဝတီရပ်ကွက် ရွှေကျွန်းမြေဓမ္မာရုံတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်စဉ်အကြောင်းများနှင့် ထိခိုက်ပျက်စီးခဲ့သည့်အကြောင်းများ၊ ငလျင်ဘေးအန္တရာယ်အတွက်  ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်ခတ်နေစဉ်အချိန်တွင် လိုက်နာရမည့်အချက်များ၊ ရှေုာင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ခတ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ စသည့်အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဘောဂတီရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်လူမှုကူညီရေး အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်