ညောင်ဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်ဆောင်ရွက် ပေးမှု ၁၃၀၀ ဦးကျော် ဆောင်ရွက်ပြီးဖြစ်

ညောင်ဦး ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၃၀၀ ဦး  Biometric (UID)ကတ်များ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြုလုပ်ပေးရာတွင်  ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးပြည်ကျော်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းနှင့်ဝန်ထမ်းများက  ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း (၂၁၇၇) ဦးတို့အား Biometric (UID)ကတ်များအခမဲ့ ပြုလုပ်ပေးနေသည့် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ကြည့်ရှုအားပေးစကားပြောကြားနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric (UID)ကတ်များပြုလုပ်ပေးလျက်ရှိရာ (၁၃၀၀)ဦး ပြုလုပ်ပေးပြီးဖြစ်‌ကြောင်း သိရသည်။

ဒီပါလင်း