မုံရွာ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြနေမှုများနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “အလှကမ္ဘာမြေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေနေမှုများဖြင့် ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေး ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလွင်တို့က ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်ပေးကြပြီး ဘင်ခရာ/ ပန်းပွားအဖွဲ့နှင့် “အလှကမ္ဘာမြေ”တေးသီချင်းဖြင့် တီးမှုတ်ကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား၊ သင်တန်းသူများက ကရာတေးနှင့် လက်ဝှေ့အားကစားနည်းများဖြင့် သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ “နဝဒေး” ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ သုတရသစာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုများနှင့် စာအုပ်စာစောင်များ စနစ်တကျထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး မုံရွာမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ သိပ္ပံပြခန်း၊ သင်ထောက်ကူပစ္စည်းများပြခန်း၊ စက်မှု/စိုက်ပျိုး/မွေးမြူရေးပြခန်းများ၌ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်းနှင့်ဉာဏ်စမ်းပဟေဠိယှဉ်ပြိုင်နေမှု၊ ပုံပြင်ပြောပြိုင်ပွဲ ယှဉ်ပြိုင်နေမှု၊ ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြုင်နေမှုများနှင့် လူငယ်စကားဝိုင်း ကျင်းပနေမှု များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲများနှင့် ပူးပေါင်း ဖောက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့တာဝန်ရှိသူများက ပုဂ္ဂလိကစာအုပ်ဆိုင်များမှ သုတ/ ရသစာအုပ်စာစောင်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား နံနက်စာ အအေးနှင့်မုန့်များ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ သလ္လာဝတီ ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “အလှပန်းများပွင့်ကြပြီ” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ကျောင်းစာကြည့်တိုက် များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား ကျင်းပရခြင်းအနေဖြင့် ကျောင်းသား လူငယ်များ စာကြည့်တိုက်အားအသုံးပြုတတ်စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးပြီးဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့်တာဝန်ရှိသူများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေမည့် စာပေဖတ်ရှုလေ့လာမှု ရင့်သန်လာစေရန်အတွက် လေ့ကျင့်သင်ကြားပေးသွားကြရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးထံ ငွေကျပ် ၆၃၂၀၀၀၀ (ခြောက်ဆယ်သုံးသိန်းနှစ်သောင်း)ကျပ်အား လည်းကောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ “နဝဒေး”ကျောင်းစာကြည့်တိုက်အတွက် ကျောင်းအုပ်ဆရာမကြီးထံ စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်မျာအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကျပန်းစကား ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်မျာအား ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား ပေအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးက ကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)