ပုသိမ်ကြီး ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ရေး အနေဖြင့် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန် ဇူလိုင် ၂၃ ရက် မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ လူအင်အား၊ စက်ပစ္စည်းများစွာဖြင့် အသင့်ပြင်ဆင် စုဖွဲ့ထားလျက်ရှိသည်။
အဆိုပါ အသင့်စုဖွဲ့ထားရှိရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်းက အမှာစကားပြောကြားပြီး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနရှိ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မော်တော်ယာဥ်များ၊ Hydraulic Rescue Tools ၊ အခြားစက်ပစ္စည်း ကိရိယာများဖြင့် အသင့်ပြင်ဆင်စုဖွဲ့ကာ ဆောင်ရွက်ထားရှိသည်များအား ကြည့်ရှုခဲ့သည်။
အသင့်စုဖွဲ့ထားရှိရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)