ဒေးဒရဲ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးမှူးဌာနက သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အဆင်သင့်စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ယမန်နေ့ညနေ (၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ဝင်းစိုးက သဘာဝဘေးအန္တရာယ် ဖြစ်ပါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅) ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ လူမှုရေးသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ မော်တော်ရေယာဉ်များ၊ လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများနှင့် ကုသရေးအဖွဲ့များ၊ သောက်ရေနှင့်ရိက္ခာများအား အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အေဇာလင်း