ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို မြို့ပေါ်ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇) အုပ်စုနှင့် သက်ဆိုင်ရာနေရာ အသီးသီးတို့တွင် ယနေ့က (ပထမအကြိမ်) စတင်၍ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။