မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ မော်တော်ရေယာဥ်များအား လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေယာဥ်များအား ယနေ့နံနက်ပိုင်းက တုံးလှဲချောင်းမြစ်အတွင်းရှိ  ရေယာဥ်အမည် MV အောင်ရတနာသန်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၂၀၂၆ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့မဈေးနှင့် လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေပေးသည်။

ငဖဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသဒ္ဒါသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာသဒ္ဒါကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍  အခြေခံအင်္ဂလိပ်စာသဒ္ဒါသင်တန်းကို မတ်လ ၁၈ ရက်နေ့ကစ၍ မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ် လောကအလင်းစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲခင်းကျင်းပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲတို့ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရပ်ကွက် (၁) စာကြည့်တိုက် လောကအလင်း စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ ၁၀ နာရီအချိန်က  လွိုင်‌မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယပရိယတ္တိစာသင်တိုက်၌ နွေရာသီအ‌ခြေခံဗုဒ္ဓဘာသာယဥ်‌ကျေးမှုသင်တန်း တက်ရောက်နေသော ကျောင်းသား/ သူလေးများအား  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်စာစောင်ပြသခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်၊ ပုသိမ်ကားလမ်း၌ ယာဥ်ကြောလမ်းများ မှန်ကန်စွာမောင်းနှင်စေရန် ကွင်းဆင်းဆောင်ရွက်

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ရန်ကုန်၊ ပုသိမ်ကားလမ်း၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

မန္တလေးမြို့၌ မီးဘေးအန္တရာယ်ကာကွယ်ရေး(Talk Show) ကျင်းပ

မန္တလေးမြို့ရ မီးဘေးအန္တရာယ်ကာကွယ်ရေး(Talk Show) ကျင်းပ မန္တလေး မတ် ၂၀ ခင်စောလွင်

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ နွေရာသီ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးတို့ ပူးပေါင်း၍ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Subscribe to