ကျိုင်းတုံမြို့၌ ဂုံရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ဂုံရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့တွင် ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝပ်အင်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။