ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်ပိုင်းက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (ရန်ကုန်) မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂၀၂၆) ကို ပြန်လည်ထူ‌ထောင်ရေးဦးစီးဌာနသင်တန်းခန်းမ၌ မတ်လ ၁၆ ရက်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် 33th SEA Game နှင့် 13th ASEAN Para Games ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီးဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

33th SEA Game နှင့် 13th ASEAN Para Games တွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီးဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီဝင်များ၊ အားကစားနည်းအလိုက် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြောက်

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ ၂၀ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့ သုခပြည့်စုံဆေးရုံ၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်၊ လူနေရပ်ကွက်များနှင့် အစိုးရဌာနအဆောက်အဦများ၊ ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် အလုပ်ရုံများကို ကွင်းဆင်းအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ သုခပြည့်စုံဆေးရုံတွင် မီးဘေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ‌မီးဘေးလုံခြုံရေးစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကုန်တင်သင်္ဘောများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ပန်းတောင်းမြို့နယ်၌ နွေစပါး (၁၄၅၀)ဧက လျာထားစိုက်ပျိုးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများကို ဆည်ရေ၊ မြစ်ရေများအသုံးပြု၍ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to