ကော့မှူးတွင် ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်နှင့် ပရိဘောဂများ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များနှင့် ပရိဘောဂများ ထပ်ဆင့်လှူဒါန်းပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။