ရေကြည် ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးရာသီကာလအတွင်း ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် မိုးရာသီကာလတွင် ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်ရှိ ဆရာစံရပ်ကွက်တွင် ရေမြောင်း များအတွင်း ပိတ်ဆို့နေသည့် အမှိုက်များ ရှင်းလင်းခြင်း ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသော စက်ယန္တယားများဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်း ဖော်ဆောင်ခြင်းများကို မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့တို့ ပူပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)