ဒေးဒရဲမြို့နယ် အားကစားကွင်း သဲခင်းခြင်းနှင့် အထူးတန်းပွဲကြည့်စင်ပြုပြင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေးဒရဲ   ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားကွင်း သဲခင်းခြင်းလုပ်ငန်းနှင့် အထူးတန်းပွဲကြည့်စင် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ခေါင်းဆောင်သော အဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့် ခေါင်းဆောင်သောအဖွဲ့က ဒေးဒရဲမြို့နယ် အားကစားကွင်း ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သည့် အားကစား ကွင်းအား (၆) လက်မထု သဲခင်းခြင်း၊ မြေညှိခြင်း၊ မီတာ(၄၀၀) အုတ်ဘောင်ခတ်ခြင်းလုပ်ငန်းနှင့် အထူးတန်းပွဲကြည့်စင် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဌာနလုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)