ငါးသိုင်းချောင်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ငါးသိုင်းချောင်း  ဩဂုတ် ၂၀

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအဖြစ် ငါးသိုင်း​ချောင်း မြို့‌ပေါ်ရှိရပ်ကွက် (၆) ခုတွင် ဩဂုတ်လအတွင်း မြို့မိခင်နှင့်ကလေး ကျန်းမာရေးဌာနက ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငဝန်ရပ်ကွက်၊ လောကမာရ်အောင် တန်ဆောင်း၌ ရပ်ကွက်အတွင်းရှိ အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောပေးခြင်းနှင့် အိုင်အိုဒင်းဆားများ ဖြန့်‌​ဝေ​ပေးခြင်းအစီအစဉ်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ငါးသိုင်းချောင်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ် လှုပ်ရှားမှုများကို ဩဂုတ်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့ ငဝန်ရပ်ကွက်ရှိ အသက် (၆) လမှ (၅) နှစ်အထိကလေးငယ် (၂၈၀) ဦးကို အာဟာရ ဖွံဖြိုးရေးနှင့် ကျန်းမာရေစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့အထိ မြို့ပေါ်ရပ်ကွက်(၅) ခုတွင် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် မြို့မရပ်ကွက်တွင် ဩဂုတ်လ (၂၄) ရက်နေ့၌ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ငါးသိုင်းချောင်း မြို့ပေါ်ရပ်ကွက်(၆) ခုတွင် ကွင်းဆင်းဆောင်ရွက်ပေးရန် အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်စုစုပေါင်း (၁၄၀၇) ဦး‌ ရှိကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနထံမှ သိရှိရသည်။

  စိုးမင်းဦး(ပြန်/ဆက်)