ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွား​ရေးထိခိုက်မှု သက်သာ​စေရန် ​ဝက်​မွေးမြူရေး သင်တန်းဖွင့်လှစ်

ရေကြည်  ဩဂုတ် ၂၀

ရေကြည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေး အတွက် ဝက်မွေးမြူထုတ်လုပ်ခြင်းသင်တန်းကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က သံတင်းကျေးရွာ မူလတန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ‌မိုးသူဇာက သင်တန်းဖွင့်လှစ်ရခြင်းမှာ ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှု သက်သာစေရေး မွေးမြူသူ ပြည်သူများ စနစ်တကျ မွေးမြူပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများ စနစ်တကျမွေးမြူ တတ်စေရန်၊ တိရစ္ဆာန်များတွင် ဖြစ် ပွားနိုင်သည့် ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ် သင်ကြားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ  ၂၀  ဦးတို့အား ဝက်မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) ရက်ကြာမြင့် မည်ဖြစ်ကြောင်း သိရှိရသည်။

အောင်သူဟန် (ပြန်/ဆက်)