ကန့်ဘလူ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဖေမြင့် ရေးသားသော ” တန်ဖိုးထားအပ်သော အရာများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ခင်မိုးခက် က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသူ စာပေချစ်မြတ်နိုးသူများက တန်ဖိုးထားအပ်သောအရာများ စာအုပ်တွင်ပါဝင်သည့် တန်ဖိုးထားအပ်သောအရာများ၊နေတတ်တဲ့လူ၊တစ်ခါတစ်ရံ အရှိကို အရှိအတိုင်း၊ အတိုင်းအတာမသိတဲ့လူ၊သူတစ်ပါးကိုပဲ လက်ညိုးထိုးချင်သူ၊လူကြီးနဲ့လူငယ် အဟောင်းနဲ့အသစ် ခေါင်းစဥ်များအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ပညာရေး၊Woman Club နှင့်စာပေချစ်မြတ်နိုးသူ ၁၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)