နတ်မောက် ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ် ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း အစီအစဉ်အရ သားအိမ် ခေါင်း ကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ဆေးထိုးနှံပေးမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ၂၀၁၀ပြည့်နှစ် ၊စက်တင်ဘာလမှ ၂၀၁၁ခုနှစ် ဩဂုတ် လ အတွင်းမွေးဖွားသည့် အသက် ၉နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင်(၁၃)မျိုးကို ကာကွယ်ဆေးအဖြစ် စတင် ထည့်သွင်းထိုးနှံပေးမည်ဖြစ်သည်။
နတ်မောက် မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်စုစုပါင်း (၂၈၁) ဦး ရှိကြောင်းမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
လှဝင်း(နတ်မောက်)