တေရသမရွှေကျင်သာသနာပိုင် ညောင်ရွှေကန်ကြီးဆရာတော်ဘုရားကြီး၏ ကြေးသွန်းရုပ်တုတော် သွန်းလုပ်ပူဇော်မည်

(၁၃)ဆက်မြောက် ရွှေကျင်နိကာယ သံဃာ့ဂိုဏ်းကြီး၏ တေရသမရွှေကျင်သာသနာပိုင် ဆရာတော်ဖြစ်တော်မူသော ဘဝနတ်ထံ ပျံလွန်တော်မူပြီးဖြစ်သည့် ကန်ကြီးပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသ အရှင်မြတ်၏ ကြေးသွန်းရုပ်တုတော်ကို သွန်းလုပ်ပူဇော်၍ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်ရှိ အောင်မင်္ဂလာဓမ္မာရုံရှေ့၌ ထားရှိပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပုလောမြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်အား ယနေ့နံနက် ၁၂ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ်ရုံးတွင် ပြသထားကြောင်း သိရသည်။

ငွေဆောင်မြို့၌ ကိုဗစ်-၁၉ Relief Package (1) ခရီးသွားလုပ်ငန်း အခြေခံသင်တန်းဖွင့်လှစ်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ငွေဆောင်ကမ်းခြေကို အမှီပြုလုပ်ကိုင်နေထိုင်ကြသော အခြေခံလူတန်းစားများဖြစ်သော ခေါင်းရွက် ဗျက်ထိုးဈေးသည်များ၊ အနှေးယာဉ် လုပ်သားများ၊ ဆိုင်ကယ်ကယ်ရီ မောင်းသမားများ၊ လက်လုပ်လက်စား လုပ်သားများအား COVID-19 Relief Package (1) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ငွေဆောင်ကမ်းခြေ၊ ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌၊ ရပ်ကွက် ကျေးရွာအုပ်စုများအတွင်းရှိ မသန်စွမ်းသူများအား ထပ်တိုးထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ရပ်ကွက် ကျေးရွာအုပ်စုများအတွင်းရှိ မသန်စွမ်းသူများအား ထပ်တိုးထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ဒီရေတောများ ထိန်းသိမ်းကာကွယ်နိုင်ရေး သစ်ပင်စိုက်ပျိုး ပွဲတော်ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာ၊ ဘိုကလေးမြစ် ကမ်းဘေး ကမ်းတိုးမြေတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်၌ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် (၅၃၄) ခြေမြန်တပ်ရင်းမှ စစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သူများ စုပေါင်း၍ ဒီရေတော ပြုန်းတီးမှု ကာကွယ်ရေး သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပသည်။

ပင်လောင်းမြို့နယ်တွင် မဲရုံများဆောင်ရွက်ထားရှိမည့် နေရာများနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အဆင်ပြေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်တွင် မဲရုံများ ဆောင်ရွက်ထားရှိမည့် နေရာများ ကွင်းဆင်းကြည့်ရှုခြင်းနှင့် မဲဆန္ဒရှင်၏ အမည်စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ချောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများ လေ့ကျင့် သင်ကြားပေး

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် အားကစား နည်းစနစ်မှူး ဒေါ်ဥမ္မာသင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက် (၈) နာရီက ချောက်မြို့နယ်၊ စလေမြို့

ပုလောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
Subscribe to