ပန်းတနော် ဩဂုတ် ၂၁
ကလေးငယ်များ ရောဂါများကင်းဝေးပြီး ဗီတာမင်(A) ပြည့်ဝကာ ကျန်းမာ၊ သန်စွမ်းသော ကလေးငယ်များ ဖြစ်စေရန် ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက်တွင်ယနေ့ နံနက် (၈) နာရီက အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(A) ဆေးနှင့် သန်ချဆေးများကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။
အဆိုပါ အသက် (၅) နှစ်အောက် ကလေးငယ်များကို ဗီတာဗင် (A) နှင့် သန်ချဆေး နှစ်မျိုးစလုံး တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်မှုကို ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ တိုက်ကျွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)