အင်တော ဩဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့အတွင်းရှိ ၂၀၁၀ ပြည့်နှစ် ၊ စက်တင်ဘာလ မှ ၂၀၁၁ ခုနှစ် ဩဂုတ် လ အတွင်း မွေးဖွားသည့် အသက် ၉ နှစ်အရွယ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး Human Papilloma Virus(HPV)များ ထိုးနှံပေးသွား မည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးအစီအစဉ်တွင် မိမိတို့ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အမျိုးသမီးငယ်များ မကျန်ရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုက်နယ်ကျန်းမာရေး ဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ဒေသန္တရကျန်းမာရေးဌာနများသို့ အမျိုးသမီးငယ်များ၏ မွေးသက္ကရာဇ်နှင့်အတူ နာမည်စာရင်းပေးသွင်းနိုင်ကြောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကလည်း တိုက်တွန်း နှိုးဆော်ပေးလျက်ရှိကြောင်း ၊ အင်တောမြို့ပေါ်(၆)ရပ်ကွက် နှင့် ကျေးရွာများရှိ အသက် ၉ နှစ် အရွယ်မှ ၁၀ နှစ် အထိ အမျိုးသမီးများအတွက် သားအိမ်ခေါင်ကင်ဆာကာကွယ်ဆေး Human Papilloma Virus(HPV) တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ခိုင် (အင်တောပြန်/ဆက်)