တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ပဒေသာဈေး၌ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀) ရပ်ကွက်ရှိ ပဒေသာဈေး ၌ ကိုဗစ်-၁၉ ကာလ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာရန် အသိပေးနှိုးဆော်ခြင်းကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် (၁၀)နာရီအချိန်က လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့သည်။

ခန္တီးမြို့ ယာယီပျံကျဈေးတွင် ပလပ်စတစ်ကင်းစင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ကမ်းနားလမ်း ယာယီပျံကျဈေးတွင် ဈေးရောင်း ဈေးဝယ်သူများကို ပလပ်စတစ်ကင်းစင်ရေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် Mask ၆၄၇ ခုကို မြို့နယ် စည်ပင်သာယာ ရေးကော်မတီနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့တွင် ခြေတုလက်တု တပ်ဆင်ရန် လိုအပ်သူများအား အသေးစားပြင်ဆင်မှုပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ခြေတုလက်တု တပ်ဆင်ရန် လိုအပ်သူများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် ဘားအံ ခြေတုလက်တု ဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ပညာရှင်များ သည် ယမန်နေ့ နံနက်ပိုင်းက ဈေးရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် အသေးစားတပ်ဆင်မှုများ ပြုလုပ်ပေးခဲ့သည်။

ဆီဆိုင်မြိုနယ်၌ Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ်တွင် Cash For Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ သက်ဆိုင်ရာကျေးရွာ စီမံကိန်းကော်မတီဉက္ကဋ္ဌများ လိုက်ပါလျက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းများမှန်ကန်စေရေးနှင့် လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သာကေတမြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ(၅၆၁၂၀)ဦးရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ(၁၃၆၅၄)ဦးရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်စာရင်း များကို ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ ဩဂုတ်လ(၇)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရပ်ကွက်အလိုက်၊ လမ်း အလိုက်၊ နယ်မြေအလိုက် ပထမအကြိမ် ကပ်ထားခဲ့ပြီး ထပ်မံ၍ မဲဆန္ဒရှင်များ လိုအပ်သည့်တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကို‌ ဆောင်ရွက်ရန်အတွက်ကို ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ(၇)ရက် ထပ်မံတိုးမြှင့်ကြေညာထားခဲ့သည်။

ကျိုက်ဒုံမြို့​ပေါ်နှင့်​ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာလ၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ်စုလျှင် ငွေ (၂၀၀၀၀) ကျပ် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလမှာ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်မှပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တစ်အိမ်ထောင်စုလျှင်ငွေ (၂၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အများပြည်သူကျန်းမာရေးအတွက် အထောက်အကူပြုစေမည့် အားကစားကိရိယာ (၄၄) ခုကို ရပ်ကွက် (၁၀) ခုတွင် ထားရှိတပ်ဆင်ပေးသွားမည်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်စေရေး အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်သော အားကစားပစ္စည်းများကို ရပ်ကွက် (၁၀)ခုတွင်ရှိသော အားကစားပြုလုပ်နိုင်ရန် ရွေးချယ်ထားသည့် နေရာ(၁၁)ခုတွင် တစ်နေရာလျှင် အားကစားပစ္စည်း(၄)မျိုးစီဖြင့် စုစုပေါင်း(၄၄)ခု ထားရှိပေးသွားမည်ဖြစ်သည်။

သာယာဝတီခရိုင် မြေစိုက်နံရံကပ်ပြဘုတ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသထား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုကြကြောင်း သိရသည်။

ဖာပွန်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ရန် ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအနေမှာ ကွင်းဒလ (ရေပူ-အ.လ.က-ခွဲ) ကျောင်းတွင် တန်ဖိုးနည်းအိမ်ရာ (၂) လုံး တည်ဆောက်ခြင်း
Subscribe to