မြင်းခြံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံစေရေး လိုက်လံစစ်ဆေး

မြင်းခြံ  ဩဂုတ် ၂၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံစေရေးအတွက် ယမန်နေ့ ညနေ ၄ နာရီအချိန်က မြင်းခြံမြို့ပေါ်ရပ်ကွက်များသို့ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့်တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့်တာဝန်ရှိသူများက မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၈) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်များသို့ သွားရောက်ကာ ထုတ်ပြန်ကြေညာခဲ့သည်။ မဲဆန္ဒရှင်ဦးရေနှင့် ၎င်းအိမ်ရှိမဲပေးခွင့်ရှိသူဦးရေတို့အား တိုက်ဆိုင်စစ်ဆေးခြင်း၊ ကွင်းဆင်းစိစစ်သည့် အိမ်ထောင်စုတွင် မဲပေးပိုင်ခွင့်ရှိသူဖြစ်ပါလျက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးကြောင်းစစ်ဆေးတွေ့ရှိပါက မဲစာရင်းတွင်ထည့်သွင်းနိုင်ရေး ပုံစံ (၃) ဖြင့် တောင်းဆိုလျှောက်ထားစေခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်ပါက ပုံစံ (၄) ဖြင့်ကန့်ကွက်စေပြီး ပယ်ဖျက်နိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်တစ်ဦး၏ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးဆောင်ရွက်စေခြင်း စသည်တို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။                                                                                               

ကျော်စွာ(မြင်းခြံ)