ဇမ္ဗူသီရိ ဩဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၂၂) တွင် ယနေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ဆေး လိပ်၊ ဆေးရွက်ကြီးအန္တရာယ်၊ မူးယစ်ဆေးဝါး အသိပညာပေး ဗီနိုင်းပိုစတာများပြသခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ဆေး လိပ်နှင့် ဆေးရွက်ကြီး၏ ဆိုးကျိုးများအား အထက်တန်း အဆင့် ကျောင်းသားများအား အသိ ပညာပေး ဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်နှင့် မူးယစ်ဆေးဝါး အသိပညာပေး ဗီနိုင်းပိုစတာများကို အထက် တန်း အဆင့်ကျောင်းသားများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)