သာပေါင်း ဩဂုတ် ၂၁
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးထိခိုက် ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်း များကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် သက်ဆိုက်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်အတွင်း ဩဂုတ်လ ၁၂ ရက်နေ့တွင် ညောင်ကုန်းကျေးရွာအုပ်စု၌ နေအိမ် (၁) လုံး ပြိုကျပျက်စီးခြင်း၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ဘုရားနီကျေးရွာ၊ အုတ်ရှစ်ကျေးရွာ၊ ရှောပြာကုန်း ကျေးရွာ၊ ဆပ်သွားကျေးရွာ၊ ကွင်းပေါက်ကျေးရွာ၊ မဲဇလီကွင်းပေါက်ကျေးရွာ၊ စစ်ပင်ကြီးကျေးရွာ အုပ်စုတို့တွင် နေအိမ်(၄) လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၁၀) လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဆုံးရှုံးခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းများကို ထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)