မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက် စစ်ဆေး

ကံမ ဩဂုတ် ၂၁

၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာများတွင်  ထုတ်ပြန်ကြေညာထားရှိပြီး မဲဆန္ဒရှင် ပြည်သူများမဲပေးခွင့် မဆုံးရှံး စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့်      ရပ်ကွက် ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက မြို့နယ်အတွင်းရှိ  ပြည်သူများထံသို့သွားရောက်ပြီး   မဲဆန္ဒရှင် စာရင်း များ ပြည့်စုံမှန်ကန်ရေး  အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးလျက်ရှိသည်။

ထိုသို့စစ်ဆေးလျက်ရှိရာတွင် ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်၌   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟိန်းသော်အောင်၊ရပ်ကွက်ရွေးကောက်ပွဲဥက္ကဌ ဦးစိန်လွင်နှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် သွားရောက်ပြီး မဲပေးခွင့်ရှိသောပြည်သူများ မဲစာရင်းတွင်ပါဝင်ခြင်းရှိမရှိစစ်ဆေးပြီး မပါဝင်ပါက ထည့်သွင်းပေးခြင်း မှားယွင်းနေပါက ပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)