တနင်္သာရီ ဩဂုတ်လ ၂၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စု၊ ပေါင်း (၂၆)ခုတွင် အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲစာရင်းတွင်ပါရှိပြီး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဩဂုတ်လ၂၁ ရက် နံနက် ၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးအောင်၊ အတွင်းရေးမှူး ဦးသန့်ဇင်မင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်မဲစာရင်းစိစစ်ရေးလုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ယင်းဆွေးနွေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်ပါရှိရေး၊ ပြည့်စုံမှန်ကန်သောမဲဆန္ဒရှင်စာရင်း ရရှိစေရေးအတွက် မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများက ယနေ့မှစ၍ မိမိတာဝန်ကျရာ ရပ်ကွက်/ကျေးရွာအလိုက် တစ်နေ့ တစ်ရွာကျ အိမ်တိုင်ရာရောက် ကိုယ်တိုင်ကွင်းဆင်း၍ မဲစာရင်းနှင့်တိုက်ဆိုင်ပြီး ကွက်လပ်ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးကြရန် လမ်းညွှန်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသန့်ဇင်မင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီအဖွဲ့ ဖွဲ့စည်း၍ မဲစာရင်းတွင် မဲဆန္ဒရှင်ပြည်သူများက တင်သွင်းလာသည့် ပုံစံ(၃)၊ ပုံစံ(၄)နှင့်ပုံစံ၄(ဂ)များကို ကော်မတီဝင်လုပ်ငန်းတာဝန်များ ဆောင်ရွက်ထားသည့် အစီအစဉ်ကိုလည်းကောင်း ၊ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တနင်္သာရီမြို့နယ်ရုံးမှ (လဝက)မှူး ဦးတင့်နိုင်က ရပ်ကွက်/ကျေးရွာများတွင် (ပထမ)အကြိမ်၊ ကပ်ထားကြေငြာထားသည့်မဲစာရင်းအရ ကွက်လပ်ဖြစ်နေမှုများကိုကွင်းဆင်းဆောင်ရွက်၍ ကွက်လပ်ဖြည့်လုပ်ငန်းဆောင်ရွက်ဆဲနှင့် ယခုလကုန်ရက်အတွင်းဆက် လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးပေးသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က မဲစာရင်းတွင် ကွက်လပ်မရှိစေရေးကို ဌာန ဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများက ယနေ့မှစ၍ ဩဂုတ်လအကုန်ရက် အမှီ ပြီးစီးနိုင်အောင် အလေးထားဆောင်ရွက်ကြရေး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)