အောင်လံ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော သနပ်ခါး အမည်ခံအလှကုန်များ အား စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးကျော်မျိုးမင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၂)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပြည်တွင်းပြည်ပမှထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော သနပ်ခါး အမည်ခံ အလှကုန်(၁၀) ဂရမ် အထက်နှင့် (၁၀)ဂရမ်အောက်အလှကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာ ဘာသာ ဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ ဥပဒေပါ ညွှန်ကြားချက် များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
မျိုးသိန်း(ပြန်/ဆက်)