မဲလောခီးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ် ဩဂုတ်   ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ဝါးမီးကလားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က နိုင်ငံတော်အစိုးရ အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ မိသားစုစားဝတ်နေရေး အဆင်ပြေ စေရေးနှင့် အလုပ်အကိုင် အခက်အခဲ ဖြစ်ခဲ့မှုအပေါ် ယခုလိုငွေကြေး ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့်  ထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီးနောက် မဲလရောကျေးရွာအုပ်စုရှိ ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၄၂)စုတို့အတွက် တစ်စုလျှင် (၂၀,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ ကျပ် (၄,၈၄၀,၀၀၀)ကျပ်ကို မြို့အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)