ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး(ဒုတိယလှိုင်း)အတွက် Mask မတပ်ဆင်သူများအား စစ်ဆေးဆောင်ရွက်

ဘောလခဲ ဩဂုတ် ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး (ဒုတိယလှိုင်း)အတွက် Mask မတပ်ဆင်သူများအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက မြို့လယ်လမ်းစုံ၌ စတင်ခဲ့သည်။

အဆိုပါစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲစခန်းမှူး၊ စည်ပင် အမှုဆောင် အရာရှိ၊ မြို့နယ်ကျန်းမာရေးမှူး၊ အမှတ်(၁၀) ယာဉ်ထိန်းရဲတို့ ပူးပေါင်းပြီး ခရီးသွားလာကြသော ပြည်သူများကို ပါးစပ် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ဒဏ်ဆောင်စနစ်ဖြင့်  Mask (၂)ခုကို ကျပ်(၁၀၀၀)နှုန်းဖြင့် ရောင်းချပေး လျက်ရှိရာ ယနေ့ခရီးသွားလာသူ(၇၅)ဦး ယမန်နေ့တွင် (၇၀)ဦး ဒဏ်ဆောင်စေခဲ့ကြောင်း သိရသည်။

ဖိုးရယ်